ပြည်တွင်းဘဏ်လုပ်ငန်း

ပြည်တွင်းဘဏ်လုပ်ငန်းတွင် ကျပ်ငွေဖြင့် စာရင်းရှင်အပ်ငွေစာရင်း၊ စာရင်းသေ အပ်ငွေစာရင်း၊ နိုင်ငံတော်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ ချက်လက်မှတ်များစာရင်း ရှင်းလင်း ခြင်းနှင့် ငွေသွင်း၊ ငွေထုတ်လွှဲပြောင်းခြင်းများအား ၂၀၁၆ခုနှစ်မှစတင်၍ CBM-Net အား အသုံးပြု၍ ဝန်ဆောင်မှုပေး လျှက်ရှိပါသည်။

Myco System အရ DICA တွင် မှတ်ပုံတင် (Registration) ပြုလုပ်ထားသော ကုမ္ပဏီများသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် ကျပ်ငွေစာရင်းရှင် အပ်ငွေစာရင်းဖွင့်လှစ်မည်ဆိုလျှင် KYC/CDD  တို့နှင့်အညီ စာရင်းပိုင်ရှင်တို့၏ စာရင်းမှန်ကန်နိုင်မှု၊ ငွေစာရင်းလုံခြုံမှုအတွက် အောက်ပါ စာရွက်စာမ်းများကို တင်ပြရမည်ဖြစ်ပါသည်-

  • ကုမ္ပဏီလျှောက်လွှာ
  • ဒါရိုက်တာအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်
  • ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များစာရင်း Form(26) နှင့်  
  • ကုမ္ပဏီအစုရှယ်ယာရှင်များစာရင်း Form(6)
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (Certificate of Incorporation) မိတ္တူ
  • ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ် (Certificate of Exporter Importer Registration) (မိတ္တူ)
  • ဒါရိုက်တာအဖွဲ့ဝင်များ၏ မှတ်ပုံတင်မိတ္တူ
  • ဘဏ်၏ စာရင်းဖွင့်လျှောက်လွှာ
  • DICA ၏ MICO Company Extract , Company Profile  & Member Detail List